ရေကြည် ဖေဖော်ဝါရီ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သစ်တောဦးစီးဌာနနှင့် ရေကြည်မြို့နယ် ကြိမ်၊ ဝါးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ကြိမ်၊ ဝါး၊ သင် လက်မှုပစ္စည်း ထုတ်ကုန်သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်(ဓမ္မာရုံ)၌ ကျင်းပသည်။

 

ဦးစွာ ပုသိမ်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းလှိုင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူတို့က သင်တန်းသားများထံသို့ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)