ရေကြည်၊ ၁၅ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဒီဇင်ဘာ ၁၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ် ၁၄ ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒီဇင်ဘာ ၁၄ ရက် ညတွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။
ရေကြည်မြို့နယ်တွင် ဒီဇင်ဘာ ၁၃ ရက်တွင် အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနသို့ ရေကြည်မြို့နယ် အတွင်းရှိ Facility Quarantine Center များမှ အသွားအလာ ကန့်သတ်ထားရှိသူ ၄၉ ဦး၏ ဓာတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးခဲ့ရာ အမျိုးသား ငါးဦးနှင့် အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၂ ဦးတို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ငါးသိုင်းချောင်းမြို့မှ အမျိုးသား တစ်ဦးနှင့် အသုတ်မြို့မှ အမျိုးသား တစ်ဦးတို့အား RDT ဖြင့် ထပ်မံစစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး စုစုပေါင်းရောဂါပိုး တွေ့ရှိသူ ၁၄ ဦး ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိသူများအား သက်ဆိုင်ရာဆေးရုံနှင့် ယာယီဆေးရုံများတွင် ဆေးကုသမှုခံယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရှိရသည်။
အောင်သူဟန်(ပြန်/ဆက်)


