ရေကြည် မေ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆန်စက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဆန်စက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများသို့ သွားရောက်ကာ လျှပ်စစ်သွယ်တန်းမှု၊ မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများထားရှိမှုကို စစ်ဆေးပြီး မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ထားရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)