ရေကြည်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ရေကြည်  ၁  မတ် 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် သံတင်းကျေးရွာအုပ်စု စံနီကျေးရွာတွင် ယမန့်နေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စံနီကျေးရွာတွင်ထားရှိသော Ooredoo ဆက်သွယ်ရေးတာဝါတိုင်တွင် အသုံးပြုသည့် ဘက်ထရီအိုး အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ အဆိုပါ မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ စုပေါင်းငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုနှင့်ပတ်သတ်၍ တာဝါတိုင်အား ထိန်းသိမ်းသည့် ဦးကျော်မြင့်(ခ)စွန်ဒတ်ကူးမား အား ရေကြည်မြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။


အောင်သူဟန် (ပြန်/ဆက်)