ရေကြည် ၇ မတ်

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံ အားကစားသင်တန်းများ ကို ရေကြည်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖွင့်လှစ်မည့် အားကစားနည်းများမှာ ဘောလုံး၊ ကရာတေး၊ ကြက်တောင်၊ ရိုးရာခြင်း စစ်တုရင်၊ ဝူရှူး၊ စားပွဲတင်တင်းနစ်စသည့် အားကစားနည်း (၇)မျိုးကို မတ် ၈ ရက် မှ ဧပြီ ၅ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ရာ တက်ရောက်လိုပါက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း သိရသည်။

အောင်မြင့်မြတ် (ရေကြည်)