ရေကြည်၊ ၃  ဖေဖော်ဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ ကမ်းနားတန်းတွင် ငဝန်မြစ် ကမ်းပါး  ကွဲအက်လာသဖြင့်  ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက အိမ်လေးလုံးကို ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၃ ရက် နံနက်က ကညင်ငူကျေးရွာအုပ်စု  မိုင်တိုင်အမှတ်  ၅၅/၃  အနီးမှာ ငဝန်မြစ် ကမ်းက  ကွဲအက်ကြောင်းကြီး ပေါ်လာတယ်။  အလျား  ၈၅  ပေ၊  အနံ ပေ ၃၀၊ ကွဲအက်ကြောင် းထိပ်ဝအကျယ် ၆ လက်မခန့်ရှိပြီး အန္တရာယ်ဖြစ်နိုင်တဲ့အတွက် သစ်သားအိမ်တစ်လုံးနဲ့ ဝါးအိမ်  သုံးလုံးကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဆွေမျိုးများက ဘေးလွတ်ရာသို့ ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကက ပြောပြသည်။

အဆိုပါ ပြောင်းရွေ့ အိမ်လေးလုံး၌ မိသားစုဝင်များအဖြစ် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၇ ဦး နေထိုင်ကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)