ရေကြည်   ၁၁  ဧပြီ   

 

ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု  ၂၁၂၃  စုအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်မှစတင်ကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမင်းခိုင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမျိုးညွန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး  အောင်ကံညွန့်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများက  အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရေကြည့်မြို့နယ်အတွင်း နေဝင်းရပ်ကွက်၊ ဆရာစံရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ဗထူးရပ်ကွက်နှင့် မြို့မရပ်ကွက် စုစုပေါင်း ရပ်ကွက် ၅ ခုရှိပြီး ထောက်ပံ့ပေးအပ်မည့် အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၅၅ စုရှိကြောင်း သိရသည်။ ထို့ပြင် သင်္ကန်းဒေါင့် ကျေးရွာအုပ်စု၊ ဆီဆုန် ကျေးရွာအုပ်စု၊ အင်းလျာ ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာအုပ်စု၊ တောင်လယ် ကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု ၅ စုရှိပြီး ထောက်ပံ့ပေးအပ်မည့် အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၆၈ အုပ်စုရှိကြောင်း သိရသည်။

 

နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာ၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သားနှုန်းဖြင့်   ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဆန်းတင့် (ရေကြည်)