ရေကြည် ၂၆ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် အသက်(၉)လမှ(၅)နှစ်ခွဲအရွယ်က လေးတစ်သောင်းခွဲခန့်ကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက် (၈)နာရီခွဲမှ စတင်ကာ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့်ဆောင်ရွက်လျှက်ရှိပြီး ရေကြည်မြို့နယ်အနေဖြင့် ဝက်သက်-ဂျိူက်သိုး ရောဂါ ကင်းစင်ရေးအတွက် နေရာလပ်မကျန် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးထိုးအဖွဲ့ (၆၅) ဖွဲ့၊ စုရပ်ပေါင်း (၂၅၈)စုရပ်မှာ ကလေးပေါင်း တစ်သောင်းခွဲခန့်ကို နိုဝင်ဘာလ (၂၆၊၂၇၊၂၈)ရက်မှာ အပြီးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူဟန် ( ပြန်/ဆက် )


