ရေကြည် ၃၀ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ဒုတိယအကြိမ် စွန့်လွှတ်မြေဧက ၁၃၀ဝ ကို မြေယာမဲ့တောင်သူများအတွက် ချထားပေးရန် ဆန္ဒဖော်ထုတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း နေဝင်းရပ်ကွက် ဘောလုံးကွင်းမှစ၍ နေဝင်း ၁၀ လမ်း၊ နေဝင်းလမ်းမကြီး၊ အောင်ဆန်းလမ်း၊ မြို့ပတ်လမ်း၊ သံလမ်းကုန်း၊ ဆရာစံ ၁ လမ်းတို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)