ရေကြည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိ

ရေကြည် ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ပထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်သော အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် သံဃာတော်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ စုရပ်(၅)နေရာတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ရေကြည်မြို့နယ်ရှိ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်သမားများ၊ ဈေးရောင်းချသူများနှင့် စေတနာ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဆောင်ရွက်သူများကိုလည်း ဆေးထိုးသတ်မှတ်ရက်အတွင်း ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက် )