ရေကြည် ၂၃ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများနှင့် ၎င်းတို့နှင့် ထိစပ်သူများအား Quarantine ထားရှိမည့် တိုးချဲ့ကျောင်းဆောင်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Facility Quarantine ထားရှိခြင်းဖြင့် ရေကြည်မြို့နယ်အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ အဆိုပါ စောင့်ကြည့်လူနာများအား ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၂)တွင် ထားရှိရန် နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သည့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စောင့်ကြည့်လူနာများ ထားရှိမည့် ကျောင်းဆောင် များ၊ အိမ်သာနှင့် ရေချိုးမည့်နေရာများအား သန့်ရှင်းရေးလုပ်ခြင်း၊ နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ရေကြည်)



