ရေကြည်  ၁၈   မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု ကုန်းစုကျေးရွာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ  ကျေးရွာနေပြည်သူများ နွေရာသီသောက်သုံးရေ ရှားပါးမှုမဖြစ်စေရေး ရည်ရွယ်၍ လေးလက်မ စက်ရေတွင်းတူး ဖော်ပေးလျက်ရှိကြောင်း သိရသည်။

 

စက်ရေတွင်းတူးဖော်ဆောင်ရွက်ရာတွင် ပေအနက်  ၅၀ဝ၊  ၄လက်မ တွင်းနက်တွင်းမှ ရေသန့်ရရှိအောင် တွင်းတူးစက်အမှတ်  DRT-005  ဖြင့်  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) ပုသိမ်မှ တာန်ခံ ဒုဦးစီးမှူး ဦးဟိန်နန္ဒာအောင် နှင့်အဖွဲ့မှ လာရောက် တူးဖော်ဆောင်ရွက်နေတာဖြစ်ကြောင်း သိရသည်။

 

ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု ကုန်းစုကျေးရွာခွဲတွင် အိမ်ခြေ ၅၂ လုံး  လူဦးရေ (၂၅၆)ဦးရှိပြီး  နွေရာသီရောက်ရှိလာတိုင်း အမြဲရေပြတ်လပ်သည့် အခက်အခဲများ ကြုံတွေ့ရကြောင်း၊ အဆိုပါ စက်ရေတွင်းတူးဖော်ပြီးစီးပါက ကျေးရွာနေပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိပြီး အကျိုးပြုမည်ဖြစ်ကြောင်း ကုန်းစုကျေးရွာနေ ရပ်မိရပ်ဖ  ဦးတင်ဝင်းနှင့်ကော်မတီများက ပြောသည်။

 

ဆန်းတင့်(ရေကြည်)