ရေကြည်   အောက်တိုဘာ ၂၆

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအား အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက စိမ်းလဲ့ရေကြည်ခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးသောင်းက တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအား ထောက်ပံ့‌ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ရေကြည်မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၁၈) ဖွဲ့မှ လူဦးရေ ၁၅၂ ဦးအား တစ်ဦးလျှင်‌ ငွေကျပ် ၄၅၀၀၀ နှုန်းဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ အဖွဲ့များအားလုံးကိုယ်စား ဦးအောင်မြင့်သိန်းထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ အားလုံးကိုယ်စား ဦးအောင်စိုးမြင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)