ရေကြည်  ၁၈ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရန်နှင့် နေအိမ်များ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ကျေးရွာအုပ်စုများသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     

ကွင်းဆင်းဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ ရေကြည်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဒေါ်ခင်ခင်ငြိမ်းသန့်တို့သည် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရန် နေအိမ်များ ပြုပြင်မွမ်းမံခြင်း လုပ်ငန်း‌ဆောင်ရွက်ရန်အတွက် ယမန်နေ့က ရေကြည်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများနှင့်အတူ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

   

ထိုနောက် ညောင်ပင်သာ‌ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရပ်/ ကျေးစာရေးများနှင့်အတူ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်မည့်   ရေကြည်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ကွင်းလယ်စုကျေးရွာနှင့် အုန်းတပင်ကျေးရွာတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆန်းတင့်  ရေကြည်