ရေကြည်    ၂၈   ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မကျီးလဟာကျေးရွာအုပ်စုတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအတွင်းရှိ ဓနိမိုး ထရံကာ ဝါးအိမ်တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် လတ်တလောတွင် ပျက်စီးဆုံးရှုံးသည့် နေအိမ်မှ မိသားစုဝင်များအား ၎င်းတို့၏ ဆွေမျိုးသားချင်းများ၏ နေအိမ်သို့ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)