ရေကြည် မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြို့ကျက်သရေဆောင် သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် တပေါင်းလပြည့်နေ့ အခါသမယတွင် နှစ်စဉ်ကျင်းပလျှက်ရှိသော မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၁၆ ရက် နံနက်(၇)နာရီ အချိန်တွင် စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ လောင်းလှူ ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်လုံးကျွတ် ဆွမ်းဆန်‌စိမ်းလောင်းလှူပွဲသို့ မြို့ပေါ်အသီးသီးရှိ ကျောင်းတိုက်ပေါင်း(၆၉)ကျောင်း၊ သီလရှင်ကျောင်း(၁၁) ကျောင်း တို့မှ သီတင်းသုံးတော်မူသော ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာလေးများ စုစုပေါင်းရဟန်းသံဃာနှင့် သီလရှင်အပါး(၄၄၂)ပါးတို့က ကြွချီအလှူခံခဲ့ကြပြီး စေတနာရှင် ကုသိုလ်ရှင် အပေါင်းတို့က ဆွမ်းဆန်တော်များနှင့်လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ကို သဒ္ဒါကြည်ဖြူစွာ လောင်းလှူခဲ့ကြောင်း သိရသည်။

အောင်သူဟန်  (ပြန်/ဆက်)