ရေကြည်၊ ၁၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြိုနယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပ ပြုလုပ်သော “Online Physical Fitness Dance " ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက် (၈)နာရီက ရေကြည်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရေကြည် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ၊ မြို့နယ် Physical Fitness Dance ဥက္ကဌ ဒေါ်ထိုက်တင်ထွေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အကဲဖြတ် ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အောင်သူဟန် (ပြန်/ဆက်)


