ရေကြည် ၁၁ မေ
ရေကြည်မြို့နယ်တွင် မေ ၉ ရက်နှင့် ၁၀ ရက်နေ့တို၌ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းစီးဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန သစ်တောညွှန်မှူး ဦးကျော်ဇေယျ ဦးစီး သစ်တောဝန်ထမ်းများ၊ သစ်တောရဲများ၊ ကုန်ပြင်နယ်မြေရဲစခန်းက ရဲအုပ် သန်းလွင် ဦးစီး ပန်းပုကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကြည်တို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ရေကြည်မြို့နယ် ကုန်ပြင်နယ်မြေရဲစခန်းပိုင် နယ်မြေများအတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းစီးရမိရေး ရှာဖွေဖမ်းစီးရာ ပန်းပုကွင်း ကျေးရွာထိပ် တောစပ်အနီးတဝိုက်မှ အခြားသားသစ်(၂၅၉)ချောင်း ၄၉ တန် ခန့်ကိုလည်းကောင်း၊
ပန်းပုကွင်းကျေးရွာအုပ်စု ကျောက်ထုတ်လုပ်ရေးလမ်းဘေး အနီးတဝိုက်ရှိ ဦးဝင်းမော်၏ ဥယျာဉ်ခြံဝန်းအတွင်း စုပုံထားသော အခြားသားသစ် (၁၀၆)ချောင်း ၁၇ တန်ခန့်ကို၎င်း ပန်းပုကွင်းကျေးရွာ တောစပ်ရှိ ငါးကန်အနီး အခြားသားသစ် (၁၁၁)ချောင်း ၁၆ တန်ခန့်ကိုလည်းကောင်း၊ ပန်းပုကွင်းကျေးရွာ ဦးငမောင်း၏ ဥယျာဉ်ခြံအတွင်း အနီးတဝိုက်တွင် အခြားသားသစ် (၃၃) ချောင်း တစ်တန်နှင့် သစ်ခွဲရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းကို ၎င်း ပန်းပုကွင်းရွာဟောင်း ရွာ ထိပ်တောစပ်ရှိ ဇော်မျိုးနိုင်၏ ဥယျာဉ်ခြံအတွင်း စုပုံထားသော အခြားသားသစ်(၂၄၄)ချောင်း ၅တန်နှင့် သစ်ခွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား အသီးသီး သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းစီးရမိသည့် တရားမဝင်သစ် (၇၅၃) ချောင်း (၉၂ ဒသမ ၂၃၅၇ တန်)အား (ကုန်ပြင်)ပိုင် မာလာကွင်းသစ်ထုတ်လုပ်ရေးဝန်းသို့ ရွှေကပြောင်းပေးထားကာ ဆက်စပ်ပစ္စည်းများကို ရေကြည်သစ်တောဦးစီးဌာနသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။
မင်းဇော်ဦး (ရေကြည်)
