ရေကြည် ၅ ဒီဇင်ဘာ
ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းနည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ဆီဆုံကုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါ အခြေခံအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းနည်း သင်တန်းကို ကျေးရွာအတွင်းမှ သင်တန်းသား (၃၀)အား သင်တန်းကာလမှာ နိုဝင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ (၁၉)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပိုချခဲ့ပြီး သင်တန်းတွင် ထူးချွန်အောင်မြင်ခဲ့သော သင်တန်းသား/သူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)


