ရေကြည် ၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ရွှေကျောင်းကုန်းကျေးရွာရှိ အောင်မင်္ဂလာ ရွှေကျောင်းမှာ ယမန်နေ့နံနက်ပိုင်းက အရှည် ၉ ပေကျော်အလုံး တစ်ပေ ပတ်လည်ရှိ စပါးအုံးမြွေတစ်ကောင် တွေ့ရှိခဲ့ကြောင်း သိရသည်။
မိုးလင်းတော့ ခွေးဟောင်လို့ သွားကြည့်တော့ တွေ့ရှိပြီး ကျောင်းထိုင်ဆရာတော်ကို အသိပေး အကြောင်းကြားပြီး မြို့နယ်တာဝန်ရှိသူများကို အကြောင်းကြားခဲ့ပါတယ်လို့ အဆိုပါကျောင်းရှိ ကိုရင်လေး နှင့် ကပ္ပိယကြီးတို့ပြောကြားချက်အရ သိရသည်။
ထို့နောက် သစ်တောဦးစီးဌာန ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နှင့် ရွာသားများ ဖမ်းစီးပြီး အနောက်ရိုးမရှိသစ်တောကြိုးဝိုင်းအတွင်းသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အောင်သူဟန် ( ပြန်/ဆက် )


