ရေကြည် ၃ မတ်
တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်နည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာ ရတနာသုခကျောင်းတိုက်အတွင်းရှိ သာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရေကြည်မြို့နယ် မြစိမ်းရောင်ကော်မတီဝင် ဦးသောင်းညွန့်က အဖွင့်အမှာစကား ပြောကြားပြီး ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နည်းပြဆရာ ဦးမြင့်ကြည်နှင့် ဦးကိုစိုးတို့က ဦးဆောင်သင်ကြားပေးမည်ဖြစ်ကာ သင်တန်းသို့ ကျေးရွာအုပ်စု (၇)အုပ်စုမှ သင်တန်းသား ၃၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ် ၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် မြင်းကောင်ရေအလိုက် ၇ တစ်မတ် စက်အမျိုးအစားမှ စတင်ကာ မြင်းကောင်ရေ ၃၀ ရှိ ဒီဇယ်အင်ဂျင်များကို စက်နိုးသည်အထိ အသေးစိတ် သင်ကြားပို့ချသွားမှာဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးဌာနမှ သိရသည်။
ဆန်းတင့်(ရေကြည်)


