ရေကြည် ၈ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက သမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

11

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်လှူပွဲကို နှစ်စဉ် တပေါင်းလပြည့်နေ့ရောက်တိုင်း အစဉ်အလာမပြတ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ရေကြည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၆၈)ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူသော သံဃာတော်အရှင်သူမြတ် (၄၃၉)ပါးတို့က စေတီတော်ရင်ပြင်တော်၌ လက်ယာရစ်ကြွချီ အလှူခံယူတော်မူကာ မြို့သူမြို့သား နယ်သူနယ်သားအပေါင်းတို့က ကြည်ညိုသဒ္ဓါပွားများကြပြီး ဆွမ်းဆန်တော်များ စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)