ကျိုက်မရော ၂၆ မေ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ ရွာသစ်ကုန်းရေကန်ထဲ၌ ငါးဖမ်းပိုက်ထောင်နေစဉ် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ ကျိုက်မရော လူငယ်ပရဟိတအသင်းမှ အလောင်းအား သွားရောက်ဆယ်ယူပြီး ကျိုက်မရောပြည်သူ့ဆေးရုံရှိ ရင်ကွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)