နေပြည်တော် ၁၆ မေ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၅ ရက် နံနက် ၇ နာရီခွဲက ရွှေကူမြို့နယ်၊ ဆိပ်သာကျေးရွာအုပ်စု၊ တောင်ချောင်ကျေးရွာအနီး အောင်နိုင်ဝင်း၏ လယ်တဲကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄) အနီးတွင် ထွန်းလူမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
ထို့အတူ ယင်းနေ့နံနက် ၁၁ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ ကောင်းဟော်ကျေးရွာ အနီးတွင် မောင်ရွှေ(ခ)အားဟွာ မောင်းနှင်ပြီး မမာထုလိုက်ပါလာသည့် WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ အက်စစ်တစ် အင်ဟိုက်ဒြိုက် ၃၄၀ လီတာ၊ မြန်မာငွေကျပ် ၁၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား