နေပြည်တော် ၁၂ မေ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် မွန်းလွဲ ၃ နာရီက ရွှေကူမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး၊ ညောင်ကုန်း-နှုတ်ချိုကျေးရွာသွား ကားလမ်းပေါ်တွင် မင်းမင်းစိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ရုံဟွာမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၀၉ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိသည်။

 

အလားတူ ယင်းနေ့ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်၊ ငြုပ်တုံကျေးရွာအနီး၊ မုံရွာ-ရေဦးသွားကားလမ်းတွင် နေလင်းမောင် (ခ) ကိုမောင် မောင်းနှင်ပြီး သက်နိုင်ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ဇော်လင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၀၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ ထို့နေ့ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးရပ်၊ ဇမ္ဗူဒီပါလမ်းတွင်  မဇွဲ(ခ)ဂေါ်လေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၄ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ ယုဇနလမ်းတွင် စောသန်းနိုင်အား CROWN အမျိုးအစား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်ကောင်း၊ ဆက်လက်၍ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ ဇမ္ဗူဒီပါလမ်းရှိ စောသန်းနိုင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မျိုးခန့်(ခ)အသေးလေးအား တွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁,၁၄၀ ကို လည်းကောင်း။

 

ထို့အတူ မေ ၁၀ ရက် ည ၁၁ နာရီခွဲက သာစည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ငှက်မင်းကုန်းကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ စိုးအောင်(ခ)ဖက်လို(ခ)စိုးမိုးနိုင်၊ ပေါလုတို့အား ရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ ဘိန်းစိမ်း ၄၀ ကီလို၊ မော်တော်ဆိုင်ကယ် ၂ စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ မေ ၁၁ ရက် နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ မထက်ထက် (ခ) ဝိုင်းလေး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၃၅၁ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အဆိုပါနေအိမ်သို့ ရောက်ရှိလာသူ မောင်မောင်လေး (ခ) မောင်လေးအား မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား