နေပြည်တော်၊ ၁၀ ဒီဇင်ဘာ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာအုပ်စု၊ မိုးစစ်ကျေးရွာ၊ မိုးစစ်-မြို့ကုန်း ကျေးရွာသွားလမ်းတွင် အောင်ပန်း မောင်းနှင်ပြီး အောင်ငွေမြင့်(ခ)သားအောင် လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၈၄၅ တို့ကိုလည်းကောင်း၊
ထို့အတူယင်းနေ့ ၉ ရက်ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သရက်ချောင်းမြို့နယ်၊ လဘကျေးရွာအုပ်စု၊ ကျွဲဇပ်ကျေးရွာရှိ မျိုးဇော်ဦး(ခ)ခ လိန်းချား၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၃၀ ကိုလည်းကောင်း၊
အလားတူ ယင်းနေ့ညနေ ၅နာရီတွင် အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်ရှေ့တွင် မသင်္ကာဖွယ် ဆာလာအိတ်တစ်လုံး တွေ့ရှိ၍ သတင်းအရ သွားရောက်စစ်ဆေးရာ ဘိန်းစိမ်း ၁၅ ကီလိုကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပ ဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)