ရွှေကူ ဇွန် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ခံ ဦးတိုးတိုးထွန်း၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ဇွန် ၁၆ ရက် မွန်းလွဲပိုင်းမှ စတင်၍ မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေး တစ်လျှောက်ရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်အသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ပပသိန်း(ပြန်/ဆက်)