ရွှေကူ ၁၉ မတ်   

 

ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဗန်းမော်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရွှေကူမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် နာရီက ရွှေကူမြို့ မြို့မစျေးတွင် ရောင်းချနေသော အစားအသောက်များနှင့် သက်တမ်းလွန်ပစ္စည်းများကို ဝယ်ယူအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခဲ့သည်။

 

ရွှေကူမြို့ မြို့မစျေးအတွင်းရှိ စားသောက်ကုန်ရောင်းချဆိုင် ၁၄ ဆိုင်နှင့် အလှကုန်ဆိုင် ဆိုင်တွင် သက်တမ်းလွန် ကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများနှင့် တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများနှင့် စားသောက်ကုန်နမူနာ (၂၃)မျိုး ဝယ်ယူကာ စားသုံးရန် သင့်မသင့်ကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ရွှေကူမြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)