ရွှေကူ   ၂၅  မေ

 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများကို ယနေ့ မွန်းလွဲပိုင်းက လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် Access to Health Fund အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ Real Project(KSS)မှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် Non-contact Thermometer  (10)Pcs ၊ PPE (100)Set ၊ Surgical Gloves (60)Box ၊Surgical Mask (200)Box ၊Surgical Gown (50)Pcs၊ Face Shield (130)Pcs၊ N95 (50)Pcs ၊ Surgical Caps (300)Pcs ၊ Hand Gel (80)Bottle စသည့် လုပ်ငန်းသုံးပစ္စည်းများကို  ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းသုံး ပစ္စည်းများကို ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေ၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)