ရွှေကူ ၂၈ ဇန်နဝါရီ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဝေခူးကျေးရွာတွင် ဇန်နဝါရီ ၂၈ ရက် နံနက် ၄ နာရီ မိနစ် ၄ဝ က မီးလောင်မှုကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေကူမြို့ ဝေခူးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်သန်းနှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီးနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ မိနစ် ၅ဝ တွင် မီးညွှန့်ကျိုးပြီး နံနက် ၅ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ မရရှိဘဲ နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)ရွှေကူ