ရွှေကူ  ၂၀  မတ် 


ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ မတ် ၁၈ ရက်ညက အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ကာ မိုးကြိုးပစ်ခတ်မှုများရှိခဲ့၍ နေအိမ်များ အမိုးလန်ပျက်စီးကာ တိရစ္ဆာန်များ သေကြေပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ သပြေလှကျေးရွာ၌ မတ် ၁၈ ရက် ည ၉ နာရီခွဲက အချိန်အခါမဟုတ် ရုတ်တရက် လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းခဲ့၍ အဆိုပါ ကျေးရွာရှိ နေအိမ်ခြောက်လုံး အိမ်အမိုးများပျက်စီးခဲ့ပြီး ဒေသခံများစိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်း သုံးဧကခန့် ပျက်စီးဆုံးရှုံးခဲ့သည်။


ထို့အတူ ပေါလောကျေးရွာနေ ဦးသန်းငွေပိုင်ဆိုင်သည့် ခိုင်းနွားနှစ်ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)