ရွှေကူ ၂၄ ဧပြီ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း၌ ICRC မှထောက်ပံ့ပေးအပ်သော ပစ္စည်းများဖြန့်ဝေ ဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ Facility Quarantine ထားရှိသော ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ICRC မှ ထောက်ပံ့ပေးအပ်သောပစ္စည်းများ ဖြန့်ဝေခြင်းဆောင်ရွက်ရာတွင် ရွှေကူမြို့နယ် ကြက်ခြေနီအသင်းမှ တပ်ခွဲမှူး ဦးမြင့်ဦးနှင့် အသင်းဝင်များ၊ ရွှေကူမြို့နယ် ကျန်းမာ ရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အတွက် ရွှေကူမြို့နယ်အတွင်း Facility Quarantine ထားရှိသော စီသော်ကျေးရွာမှ(၁၃)ဦး၊ လိပ်စင်းကျေးရွာ ၃ ဦး၊ စီငန်းကျေးရွာ ၁၉ ဦး၊ မြို့ကုန်းကျေးရွာ ၅ ဦး၊ စုစုပေါင်း ၄၀ ဦးတို့အား တစ်ဦးလျှင် စတီးရေခွက် ၁ လုံး၊ စတီးပန်ကန်ပြား ၁ ချပ်၊ သွားတိုက်ဆေးဗူး/သွားတိုက်တံ ၁ စုံ၊ ဆပ်ပြာခဲ ၁ ခဲ၊ စတီးသောက်ရေခွက် ၁ ခွက်တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ရွှေကူမြို့နယ်အတွင်း၌ ကျန်ရှိသော Facility Quarantine ထားရှိသည့် ရပ်ကွက်/ကျေးရွာများသို့လည်း ICRC မှ ထောက်ပံ့ပေးအပ်သောပစ္စည်းများအား ဆက်လက်ဖြန့်ဝေဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


