ရွှေကူ ၂၆ ဧပြီ
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းရှိ ဆေးရုံများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရေးအတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပေးအပ်လှူဒါန်းသော ဆေးရုံသုံးပစ္စည်းများကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် အမှတ်(၅၆)ခြေလျင် တပ်ရင်းမှ ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ရွှေကူမြို့နယ်အတွင်း၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရာ၌ ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံအား N-95 အရေအတွက် ၄၅ စုံ၊ PPE ဝတ်စုံ ၂၆ စုံ၊ Surgical Glove အရေအတွက် ၆၀ဝ ၊ Goggle မျက်မှန် ၅၀ ခု၊ Hand Gel ၅၀ ဘူး၊ လက်ဆေးဆပ်ပြာရည် ၅၀ ဘူးကိုလည်းကောင်း၊ မြို့လှတိုက်နယ်ဆေးရုံ၊ မြို့ကုန်းတိုက်နယ်ဆေးရုံ၊ ဘိုကုန်းတိုက်နယ်ဆေးရုံနှင့် စီသာတိုက်နယ် ဆေးရုံများအား တိုက်နယ်ဆေးရုံတစ်ခုလျှင် Surgical Mask အရေအတွက် ၅၇၇ စုံ၊ N-95 အရေအတွက် ၁၄ စုံ၊ PPE ဝတ်စုံ ၈ စုံ၊ Surgical Glove အရေအတွက် ၁၉၂ စုံ၊ Goggle မျက်မှန် ၁၆ ခု၊ Hand Gel ၁၆ ဘူး၊ လက်ဆေးဆပ်ပြာရည် ၁၆ ဘူး တို့အား ပေးအပ်လှူဒါန်းခဲ့သည်။
ရွှေကူမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ ၄ ခုသို့ ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အဆိုပါ ဆေးရုံသုံးပစ္စည်းများကို ဆက်လက်ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


