ရွှေကူ ၄ မေ

 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် ဆန်းလွင်ဦးနှင့် အဖွဲ့သည် မေ ၄ ရက် နံနက် ၃ နာရီခန့်တွင် တရားဉပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် လှည့်ကင်းတာဝန်များ ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်လမ်းမပေါ်တွင် ရွှေကူမြို့ အမှတ်(၂) ရပ်ကွက်နေထိုင်သူ ဇင်ကိုနှင့် လှိုင်မျိုးအောင်တို့ ၂ ဦးအား တွေ့ရှိရသဖြင့် စစ်မေးရာ ပြင်ပသို့ရောက်ရှိသည့် အကြောင်းအရင်းအား ခိုင်လုံသည့်အထောက်အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိကြောင်း သိရသည်။

 

ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မည်သူမဆို နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းနှင့် စုဝေးခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသော ဒေသန္တရအမိန့် (၂/၂၀၂၀)အား လိုက်နာမှုမရှိသည့် ဇင်ကိုနှင့် လှိုင်မျိုးအောင်တို့ နှစ်ဦးအား ရွှေကူမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)