ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၁၃ ဖေဖော်ဝါရီ        

 

ရွှေကူမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက ရွှေကူမြို့နယ်၊ ဒေသအခေါ် ကချင်သေတောင်၊ မိုက်စမ်းဝါးခုတ်စခန်းအနီးရှိ အေးမင်းထွန်း (ခ) သာချို၏စျေးဆိုင်တဲကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၈၀၀ ပြား၊ ဘိန်းစိမ်း ၅၀ ဂရမ်နှင့် ငွေကျပ် ၅၀၈၀၀၀ တို့ကိုလည်းကောင်း၊ အလားတူ နံနက် ၁၁ နာရီတွင် သောင်းကျော် (ခ) ရှမ်းကြီး၏ နေအိမ်တဲကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၃၀ နှင့် ငွေ ၁၃၁၀၀၀ ကျပ်တို့ကိုလည်းကောင်း၊ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(ကိုရဲ)