ရွှေကူ ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် တစ်နာရီလျှင် အောက်ဆီဂျင် ၁၈၀ လီတာထွက်ရှိမည့်စက်ရုံ တည်ဆောက်သွားနိုင်ရေး အလှူငွေလှူဒါန်းခြင်းကို ဇူလိုင် ၂၁ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေကူမြို့နယ် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း က အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များအား ဝမ်းသာစွာ ကြိုဆိုပါ ကြောင်း၊ ယခုဖြစ်ပေါ်နေသော ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရသောလူနာများအတွက် လိုအပ်နေ သည့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ကော်မတီအနေဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် ဦးဌေး+ဒေါ်စမ်းဌေး မိသားစု (ရွှေတောင် တန်း) မှ မတည်လှူဒါန်းငွေကျပ် သိန်း( ၁၀၀)၊ဒေါ်ဝင်းကြည် မိသားစု (တော်ဝင်သပြေ) မှ သိန်း (၅၀)၊ ဦးနေစိုးမိုး+ ဒေါ်ချိုနွယ်အေး မိသားစု (သိင်္ဂီရွှေစင် ရွှေဆိုင်) မှ သိန်း(၅၀)၊ ဦးလောဟု သားသမီးများ မိသားစု (ရွှေနှင်းဆီ ရွှေဆိုင်) မှ သိန်း(၂၀) ၊ ဦးအောင်မြင့်သန်း+ ဒေါ်မြင့်မြင့်ဌေး မိသားစုမှ (၁၀) သိန်း၊ ဦးကျော်ဝင်း(ကုန်စုံဆိုင်) မိသားစုမှ (၁၀) သိန်း၊ ဦးကျော်+ဒေါ်ငုဝါသင်း မိသားစုမှ (၁၀) သိန်း၊ ဦးစိန်ဝင်း+ဒေါ်ကော့မိုင် မိသားစု မှ (၁၀) သိန်း စုစုပေါင်းလှူဒါန်း ငွေကျပ် သိန်း(၂၆၀) လက်ခံရရှိထားပြီးဖြစ်ကြောင်း၊ ဆက်လက်လှူဒါန်းသွားမည့်သူများလည်း ရှိသေးကြောင်း၊ အလှူရှင်များ စုပေါင်းလှူဒါန်းငွေမျာဖြင့် တည်ဆောက်သွားမှာဖြစ်ပြီး ယခုအချိန် တွင် အောက်ဆီဂျင်ထုတ်သည့်စက်ကို မှာယူထားရှိပြီးဖြစ်ကြောင်း၊ စက်တန်ဖိုးနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း(၉၀၀)ခန့် ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း” ရွှေကူမြို့နယ် အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြဦးထံမှ သိရှိရသည်။
အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက ရွှေကူမြို့နယ် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြဦး (phone – 09444028197) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း သိရသည်။
မြို့နယ်/ ပြန်ဆက်


