ကန်ကြီးထောင့် ၂၃ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာတတ်သူတိုင်း စာဖတ်ရေးနှင့်စာဖတ်သူတိုင်း၏ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးနှင့် စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်နွယ်နွယ်ထွန်းတို့က သုတရသ စာအုပ်စာစောင်များ၊ မဂ္ဂဇင်း၊ ဝတ္တုနှင့် ပုံပြင် စာအုပ်ပေါင်း ၁၀ဝ ခန့်မှ စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် စာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်ပြည့်တိုင်း စာအုပ်အသစ်များနှင့် လဲလှယ်ငှားရမ်း ပေးသွားမှာဖြစ်ကြောင်း သိရသည်။
နန်းထိုက် (KGD)