စာဖတ်သူများ တိုးပွားလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ မွန်းတည့် ၁၂ နာရီက (အ.ထ.က) ကန်ကြီးထောင့်သို့ သွားရောက်ကာ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ၊ ရသစာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သုတ၊ ရသ စာအုပ်များ၊ ရုပ်ပြ၊ ပုံပြင်၊ မဂ္ဂဇင်းနှင့်ဝတ္တု စုစုပေါင်း စာအုပ်(၃၀၀)ခန့်ကို စာဖတ်သူများ စိတ်တိုင်းကျ (အခမဲ့)ငှားရမ်းပေးခဲ့သည်။ 

 

“ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတများနဲ့ အသိပညာများ ရရှိလာအောင် သုတ၊ ရသစာအုပ် စာစောင်များကို စာဖတ်သူများထံ အခုလို လာရောက် ငှားရမ်းပေးတဲ့ မြို့နယ်ပြန်/ဆက်ဦးစီးဌာနက ဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း” ကျောင်းအုပ် ဆရာမကြီး ဒေါ်ဆွေဆွေမြင့်က ပြောသည်။

 

အဆိုပါ ငှားရမ်းထားသော သုတ၊ ရသစာအုပ် စာစောင်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်တိုင်း စာအုပ်အသစ်များနှင့် လဲလှယ်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်း (ကန်ကြီးထောင့်)