ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ အရောက် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေး

ဟားခါး            ၂    ဒီဇင်ဘာ   

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ရွေ့လျား စာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာငှားသူလက်ဝယ်အရောက် စာအုပ်စာစောင်များ လှည့်လည် ငှားရမ်းပေး လျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာနမှရွေ့လျား စာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံ ပညာအလယ်တန်းကျောင်း ၊ စိန့်ဂျွန်း ကိုယ်ပိုင်မူလတန်း ကျောင်းများသို့ ရောက်ရှိ၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ၊ တိုင်းရင်းသားပုံပြင်စာအုပ်များဖြင့် ကလေးများအား ပုံပြောခြင်းအစီအစဉ်များဖြင့် လှည့်လည် ဆောင်ရွက်၍ ပြည်သူ့ ဝန်ဆောင်မှု ပေးခဲ့ကြောင်းသိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)