ရန်ကုန် ၂၂ အောက်တိုဘာ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များရှိ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စာပေဝါသနာပါသူများ စာအုပ်များကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်၊ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)မှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် မြို့နယ်များသို့ အခမဲ့ငှားရမ်းပေးလျက်ရှိရာ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီက အင်းစိန်မြို့နယ်၊ ..က(၁၀) ..က(၁၃)နှင့် ..က() ကျောင်းများသို့ သုတ၊ ရသ၊ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်များ အခမဲ့ငှားရမ်းရာတွင် အသင်းဝင်အသစ်များအား ကတ်များပြုလုပ်ပေးခဲ့ရာ ()ဦးလျှင် ()အုပ်နှုန်းဖြင့် သုတ၊ ရသ စသည့်စာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် လှည့်လည် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလို ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်နဲ့ ကျောင်းသားကျောင်းသူများကို လက်ထဲအရောက် လာရောက်ပြီး အခမဲ့ငှားရမ်းပေးတဲ့အတွက် ကျောင်းသားများကိုယ်စား ကျေးဇူးတင်ပါတယ်၊ အရင်ကဆို စာကြည့်တိုက်ကို သွားမှစာအုပ်ဖတ်ရတယ်၊ အခုဆိုတော့ လာရောက် ငှားရမ်းပေးတဲ့အတွက် စာပေဝါသနာရှင်များအတွက် များစွာအကျိုးရှိမယ်လို့ ထင်မြင်မိပါတယ်၊ ယနေ့ လူငယ်တွေ စာဖတ်နည်းပါတယ်၊ စာများများဖတ်ဖို့လဲ လိုပါတယ်၊ ယခုလို လာရောက်ငှားရမ်းပေးတဲ့အတွက် ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာနဲ့ ငှားရမ်းနေတာကိုမြင်တော့ ဝမ်းသာမိပါတယ်၊ စာအုပ်များ စုံလင်စွာဖြင့် အခမဲ့လာရောက်ငှားရမ်းပေးတဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)မှ တာဝန်ရှိသူတွေကိုလည်း များစွာကျေးဇူးတင်ပါတယ်ဟု ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)