ကလော ၉ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီတွင် ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဟဲဟိုးမြို့ အမှတ်(၆) အခြေခံပညာ မူလတန်း(လွန်) ကျောင်းများသို့ သွားရောက်၍ သုတ/ရသ စာအုပ်များ ငှားရမ်းပေးခဲ့သည်။

 

mdn

 

ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ သုတ/ရသ စာအုပ် အုပ်ရေ(၁၀ဝ)နှင့် ဟဲဟိုးမြို့ အမှတ်(၆) အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ သုတ/ရသ စာအုပ် အုပ်ရေ(၁၀ဝ)တို့ကို အခမဲ့ငှါးရမ်းပေးခဲ့ပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်အသစ်များ ပြန်လည်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ် (ပြန်/ဆက်)

 

mdn