မော်လမြိုင်       ၂၇  မေ

 

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် “ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင် နှင့် “ငလျင်ဘေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက  ချောင်းဆုံ မြို့နယ်သို့ သွားရောက် ဖြန့်ဝေခဲ့သည်။

 

ချောင်းဆုံမြို့နယ်က ညှော်ဈေး၊ မုဒွန်းဈေး၊ ရွာလွတ်ဈေးမှ ဈေးရောင်း၊ ဈေးဝယ်သူများ အား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို လိုက်လံနှိုးဆော်ပေးခြင်းနှင့် “မိမိကစ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင် နှင့် “ငလျင်ဘေးအသိပညာပေး လက်ကမ်းစာစောင်တို့အား အခမဲ့ လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)