ပခုက္ကူ ၃၀ ဇန်နဝါရီ
ပခုက္ကူမြို့နယ်ရှိ ရေလာကျေးရွာနှင့် ညောင်ကျစ်ပင်ကျေးရွာကြားရှိ သောက်ရေကန်အား ပြန်လည်တူးဖော်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်တို့က ရေလာကျေးရွာနှင့် ညောင်ကျင်ပင်ကျေးရွာကြားရှိ အလျားပေ ၇၀ဝ နှင့် အနံပေ ၅၀ဝ ရှိ သောက်ရေကန်အား ပြန်လည်တူးဖော်ပြုပြင်နိုင်ရန် ကန်၏ရေဝင်လမ်းကြောင်းရှိ ရိုးချောင်းနှစ်ခုအား ရေစီးရေလာ ကောင်းမွန်စေရန် ရှင်းလင်းမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
အဆိုပါ သောက်ရေကန် ပြည်လည်တူးဖော်ပြီးစီးပါက ရေလာကျေးရွာနှင့် ညောင်ကျစ်ပင်ကျေးရွာရှိ အိမ်ထောင်စု (၃၀ဝ)ခန့် သောက်သုံးရေ ဖူလုံလာနိုင်ပြီး ကန်အောက်ကျေးရွာအုပ်စုများဖြစ်သော ရေမျက်အုပ်စု၊ ညောင်ပင်လှအုပ်စု ကျေးရွာများ မြေအောက်ရေ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ရေလာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ဌေး၏ ပြောကြားချက်အရ သိရသည်။
ကိုတမာ