ပခုက္ကူ ၂၉ ဖေဖော်ဝါရီ
ပခုက္ကူမြို့နယ်၊ ရေလာအုပ်စု၊ရေလာလေးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ laptop ကွန်ပျူတာတစ်စုံ လှူဒါန်းပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင် ဦးသက်ထင်ဆွေက ကျောင်းဆရာဖြစ်စက ရေလာလေးကျောင်းတွင် သင်ကြားခဲ့ရသည်ကိုသတိရမိ၍ မိမိတတ်နိုင်သည့် ဘက်မှလာရောက်၍ laptop ကွန်ပျူတာ တစ်စုံကိုလာ ရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကမ္မမြို့နေ အလှူရှင် ဦးသက်ထင်ဆွေ+ဒေါ်မာမာကြည်၊ သားမောင်ဟိန်းသက်ဆွေတို့က ကျောင်း အကျိုးတော်ဆောင် ဦးတင်ဖေထံ laptop ကွန်ပျူတာတစ်စုံကို ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ကိုဇော်(ဓာတု)


