ကနီ ၁၈ အောက်တိုဘာ     


ကနီမြို့နယ်ကင်းကျေးရွာအုပ်စုမိချောင်းတွင်းကျေးရွာတွင်ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပြည်သူအသိပညာပေးဟောပြောပွဲနှင့်(oss)ရုံးအဖွဲ့မှပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ရာမိချောင်းတွင်းကျေးရွာသာသနာရက္ခိတကျောင်းတိုက်တွင် ဟောပြောပွဲကျင်းပ ပြုလုပ်ကြောင်း သိရှိရသည်။

 

ေ

 


ဦးစွာတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေးက အဖွင့်အမှာစကား ပြောကြားပြီးပြည်သူအကျိုးပြု လုပ်ငန်းများရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက(oss)ရုံး ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် သက်ငယ်မဒိမ်းပပျောက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ကြရန် ပြည်သူများပူးပေါင်းပါဝင်ပေးကြရန် ဟောပြောခြင်း၊ လဝကဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးတင်ဝင်းကဖွားသေစာရင်းများပြုစုပေးခြင်း၊ ထုတ်ပေးခြင်းတိုးပေးခြင်းများ အိမ်ထောင်စုဇယားတွင် ဆောင်ရွက်ပေးခြင်း၊ စည်ပင်ဥက္ကဌ ဦးချစ်ကိုကိုက သားသတ်လိုင်စင်အကြောင်းရှင်းလင်း ပြောကြားခြင်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးဝင်းဗိုလ်က သစ်တောသစ်ပင်မပြုန်းတီးရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး သစ်ပင်များ စိုက်ပျိုးရေးသစ်ပင်များကို ထိန်းသိမ်းကာကွယ်ပေးကြရန် ရှင်းလင်းပြောကြားခြင်း၊ မီးသတ်ဦးစီးအရာရှိက မီးဘေးလုံခြုံရေးကြိုတင် ဆောင်ရွက်ထားကြရန် ဟောပြောခြင်း၊ မြို့နယ် လယ်စီအင်းဦးစီးဌာန လက်ထောက်ဦစီးမှူး ဦးအောင်နိုင်ထွန်းကပုံစံ(၇)အကြောင်း လယ်ယာမြေ ဥပဒေအကြောင်း ရှင်းလင်းပြောကြားခြင်းပြီး တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည့် မေးမြန်းချက်များအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းနှင့်သက်ဆိုင်ရာဌာနများမှ ဖြေကြားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

MDN