လှိုင်သာယာ ၆ စက်တင်ဘာ
လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်ရှေ့ရှိအဝိုင်း၏ ပျက်စီးနေသည့်အပိုင်းများကို စက်ယန္တရားများဖြင့် စက်တင်ဘာ ၅ ရက်က ပြုပြင်လျက်ရှိကြသည်။
မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် စည်ပင်သာယာကော်မတီဝင်များ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ အဝိုင်းပြုပြင်နေမှုများအား ကြည့်ရှုခဲ့ကြပြီး ကနောင်မင်းသားကြီး လမ်းမတစ်လျှောက် အလယ်ကျေးရွာလမ်းဆုံထိ ကွန်ကရိလမ်း အဆင့်မြှင့်တင်ခင်းရန် ကျန်ရှိနေမှုများအား ကြည့်ရှုခဲ့ကြသည်။ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


