မိုးကောင်း ၂၆ ဇူလိုင်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်တွင် ဇူလိုင် ၂၅ ရက်က လျှပ်စစ်ရေမော်တာဖြုတ်ယူရာမှ အသက် (၆၅)နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီက မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်တွင် လူတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မိုးကောင်းမြို့မရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖြစ်စဉ်ဖြစ်ပွားသည့် နေအိမ်သို့ သွားရောက်စစ်ဆေးရာ ဦးအောင်မင်း(၆၅)နှစ်သည် နေအိမ်အတွင်း ရေ(၃)ပေခန့် ဝင်ရောက်လာသဖြင့် နစ်မြုပ်နေသည့် ရေမော်တာကို ဖြုတ်ယူစဉ် ဓာတ်လိုက်မှုဖြစ်ပွားပြီး သေဆုံးခဲ့သည်။
ဖြစ်စဉ်ကြောင့် သေဆုံးသူ ဦးအောင်မင်း(၆၅)နှစ်အား လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ မိုးကောင်းမြို့မရဲတပ်ဖွဲ့စခန်းမှ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရေး သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)