ရေး ၄ မေ
မွန်ပြည်နယ်၊ ရေးမြို့တွင် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့စိုက်ပျိုးနိုင်ရန်အတွက် ရေးမြို့နယ် သစ်တောဦးစီးဌာနရှိ အဏ္ဏဝါပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း ၅၇၀၀၀ ကို စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
လာမည့် ဇွန်၊ ဇူလိုင် မိုးရာသီကာလအတွင်း ပျိုးပင်များအား အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး ဒေသနှင့်ကိုက်ညီသည့် ပျိုးပင်များကို ဦးစားပေးစိုက်ပျိုးပေးထားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း ပျိုးပင်ပေါင်း ၂၅၉၀၃ ကျော်ကို ဖြန့်ဝေပေးပေခဲ့ပြီး ယခုနှစ်တွင်လည်း လူထုအားဖြန့်ဝေရန်၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော၊ သဘာဝတန်ဖိုးမြှင့်စိုက်ခင်းများနှင့် ဌာနဆိုင်ရာများသို့ ဖြန့်ဝေရန် စီစဉ်ထားကြောင်း၊ ပျိုးထောင်စိုက်ပျိုးထားသည့် အပင်များမှာ ကျွန်းပင် ၅၀၀၀၊ ပျဉ်းကတိုးပင် ၂၂၀၀၀၊ ပိတောက်ပင် ၅၀၀၀၊ ယူကလစ်ပင် ၃၀၀၀၊ သင်္ကန်းပင်း ၆၀၀၀၊ မန်ဂျန်ရှားပင် ၁၆၀၀၀ တို့ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူးရုံးမှ သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)


