ရေး  ၈  ဇွန်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုရန် တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရေးမြို့ ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။

 

လှူဒါန်းပွဲတွင် ရေးမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ကုတင် (၁၀၀) ဆံ့ ရေးမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ပိုင်ထံ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ အစုံ ၄၀၀ ကို ပေးအပ် လှူဒါန်းခဲ့သည်။

 

အဆိုပါ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံများကို မြန်မာနိုင်ငံရှိ ဒိန်းမတ်သံရုံးမှတစ်ဆင့် ရေးမြို့နယ်သို့ ဝတ်စုံ ၁၀၀၀ လှူဒါန်းခဲ့ရာ ကုတင် (၁၀၀) ဆံ့ဆေးရုံသို့ ဝတ်စုံ ၄၀၀ နှင့် ကျန်သောဝတ်စုံများကို ရေးမြို့နယ်အတွင်းရှိ ဆေးရုံများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)