ရေး  ၇  ဧပြီ     

 

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်ရေး Community Base Facility Quarantine နေရာများသို့ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ပေးပို့လှူဒါန်းသော အလှူငွေဖြင့် နှာခေါင်းစည်း၊ လက်သန့်ဆေးနှင့် အစားသောက်ပစ္စည်းများကို ရေးမြို့နယ် လူမှုရေးအဖွဲ့အစည်းများမှ ယမန်နေ့က သွားရောက်လှုဒါန်းခဲ့ကြသည်။

 

9184

 

အဆိုပါ လှူဒါန်းပွဲတွင် ငါးခြောက်ကြော်၊ ဗလာချောင်ကြော်၊ ငါးပိကြော်၊ ပန်းသီး၊ လိမ္မော်သီး၊ ပဲနို့ဘူး၊ မုန့်ခြောက်၊ ကိတ်ခြောက်၊ Mask နှင့် လက်သန့်ဆေးများပါဝင်သောပစ္စည်းများဖြင့် လူတစ်ဦးလျှင် (၅၀ဝ၀) ကျပ် တန်ဖိုးနှင့်ညီမျှသော ပစ္စည်းများကို Quarantine Centre အသီးသီးတို့အား လှူဒါန်းခဲ့ရာ စခန်းအသီးသီးရှိ ကြီးကြပ်အုပ်ချုပ်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းဝင်များက လက်ခံရယူကြသည်။

 

0032

 

လှူဒါန်းပစ္စည်းများကို လူငယ်ယဉ်ကျေးမှုနှင့် ပရဟိတသာသနာပြုဆရာတော် ဒေါက်တာအ ရှင်ပညာစာရ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းနှင့် ရေးမြို့လူမှုရေးအဖွဲ့ဝင်များက စ ခန်းအသီးသီးသို့ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ပေးပို့လှူဒါန်းသော အလှူငွေသိန်းလေးဆယ် ကျပ်ဖြင့်ပစ္စည်းများဝယ်ယူ၍ ထပ်ဆင့်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်ဖြိုး(ပြန်/ဆက်)

 

2576